Preview

၃ နှစ်ကြာပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် တံတား အမှတ် ၁ ပြန်ဖွင့်

ဖေဖော်ဝါရီ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :7552
ပြည်တွင်း သတင်း

(Border Pass နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နှင့်မဲဆိုင်မြို့တွင်တစ်ပတ်နေထိုင်ခွင့်၇မည်)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၀/၂၀၂၃

၃ နှစ်နီးပါးကြာပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတံတားအမှတ် ၁ ကို ယမန်နေ့ ဖေဖော်ဝါရီ၂၀ ရက် နံနက်က ပြန်လည်ဖွင့်လှစ်လိုက်သည်။

ကိုဗစ်ရောဂါကြောင့် လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်မတ်လကုန်ပိုင်းခန့်ကတည်းကယင်းတံတားကို ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

နယ်စပ်ကုန်သွယ်ရေးအတွက် လမ်းပွင့်သွားသလိုဒေသတွင်း စီးပွားရေးသမားတွေအတွက်ပါအဆင်ပြေသွားကြသည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးက သုံးသပ်ပြော သည်။

‘’ ထိုင်းဘက်ရော မြန်မာဘက်ရော ကုန်သည်ကြီးတွေ၊ စီးပွားရေးကြီးသမားတွေ အလုပ်ဖြစ်ကြသလို တစ်ဆွဲတစ်ပိုးသမား(အခြေခံလူတန်းစားတွေ)၊ ကား၊ဆိုင်ကယ်တွေနဲ့ သယ်ယူပို့ဆောင်ကြတဲ့စီးပွား ရေးသမားတွေအတွက်လည်း အဆင်ပြေကြတာပေါ့ဗျာ ’’

၎င်းအမှတ် ၁ တံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင် မြို့ကိုဆက်သွယ်ထားသည့် လူ၊ ဆိုင်ကယ်၊ကားသေး တို့သာ ဖြတ်သန်းသွားလာသည့်တံတားဖြစ်ပြီး အမှတ် ၂ တံတားမှာ ကုန်တင်ကားများ ဖြတ်သန်းသွားရန်အတွက်သာ အသုံးပြုနေခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ယင်းတံတား ပြန်ဖွင့်နိုင် ရန်အတွက် နှစ်နိုင်ငံအာဏာပိုင်များအကြားအကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး မြန်မာအာဏာပိုင်တွေဖက်ကအကြိမ်ကြိမ်ငြင်းပယ်ခဲ့ကြောင်း သိ၇သည်။

တာချီလိတ်မြို့တွင် အိမ်ထောင်စုစာရင်းရှိသူဒေသခံများအနေဖြင့်ယခုပြန်ဖွင့်လိုက်တဲ့ အမှတ် ၁ တံတားမှတဆင့် Border Pass ဟုခေါ်သည့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နှင့်မဲဆိုင်မြို့တွင်တစ်ပတ် နေထိုင်ခွင့်ရမည်ဟုလည်း သိ၇သည်။

အလားတူပဲ ၃ နှစ်နီးပါးကြာပိတ်ထားခဲ့သည့်မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့်မြ၀တီ-မဲဆောက် တံတားသည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Photo ; Thai News

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.