Preview

ရန်ကုန်မှပြန်လာသည့် ရခိုင်အလုပ်သမားများထဲတွင် စစ်ဘေးရှောင်များလည်းပါဝင်

မတ် ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :5470
ရခိုင် သတင်း

ဇွဲဓန(ကိန်းသာမြေ)

နိ၇ဉ္စရာ၊ မတ်လ ၂ / ၂၀၂၁


ရန်ကုန်မှ ၇ခိုင်သို့ ပြန်လာသည့်ရခိုင်အလုပ်သမားများ အထဲတွင် စစ်ဘေးရှောင်စခန်းမှ ရန်ကုန်သို့သွားရောက် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်များလည်း ပါဝင်လာကြောင်းသတင်းရရှိသည်။

ရန်ကုန်တွင် ဖြစ်ပွားနေသည့်  ဆန္ဒပြမှုအတွင်း အသက်အန္တရာယ်ကိုစိုးရိမ်ရသည့် အခြေနေသို့ ရောက်ရှိလာသဖြင့်  မိဘများရှိသော စစ်ဘေးရှောင်စခန်းသို့ပြန်လာ၇ခြင်း ဖြစ်ကြောင်း ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင်ခိုလှုံလျက်ရှိသည့် မအေးချမ်းမြင့်က ပြောသည်။

ရန်ကုန်မှာကဆန္ဒပြတဲ့အပြင် ဆူပူမှုတွေက ပိုများလာတယ်။ ပြီးတော့ စက်ရုံအလုပ်ရုံတွေကိုလည်း အများစုကပိတ်ထားတယ်။ နေထိုင်စားသောက်ရေးတွေလည်း အဆင်မပြေတော့ဘူး။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတဲ့အခြေအနေကို ရောက်လာတယ်။ ပြီးတော့ ပေးတဲ့ လစာကလည်း ပုံမှန်ထက် လျော့သွားတယ်။ အဲဒါကြောင့်ရန်ကုန်က ပြန်လာတာပါ။ 

လက်ရှိတွင် စစ်ဘေးရှောင်စခန်းသို့ ပြန်လာရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်မည်ကိုစိုးရိမ်ကြောင်း၊ ကိုယ့်ဒေသတွင် အလုပ်အကိုင်ရရှိမည်ဆိုပါက ရန်ကုန်သို့ မပြန်လိုတော့ကြောင်းသူမက ပြောဆိုသည်။

ရန်ကုန်က ပြန်လာရင် ကိုယ့်ရပ်ရွာမှာ နေချင်တယ်။ နေချင်ပေမယ့်နေလို့မရဘူး။ မိဘတွေရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ နေရတယ်။ ဒီလို စစ်ရှောင်စခန်းမှာ ဘယ်သူမှနေချင်ကြမှာမဟုတ်ဘူး။ ပြီးတော့ ဒီမှာက အလုပ်အကိုင်တွေလည်းမရှိဘူး။ အလုပ်အကိုင်ရှိရင်ကိုယ့်ဒေသမှာဘဲ နေချင်ပါတယ်ုပြောသည်။

ရန်ကုန်က ရခိုင်သို့ ပြန်လာကြသော စစ်ဘေးရှောင် မိသားစုဝင်များအား စစ်ရှောင်စခန်းတွင် ကူညီထောက်ပံ့မှု ရရှိစေရန်စီစဉ်ဆောင်ရွက်ပေးနေကြောင်း ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းလှအောင်ကပြောဆိုသည်။

ကျနော်တို့ စခန်းမှာ ရန်ကုန်ကပြန်လာတဲ့ စစ်ဘေးရှောင်မိသားစုဝင် ငါးယောက် ရှိတယ်။ အဲဒီလူတွေကို သူတို့နဲ့သက်ဆိုင်တဲ့မိသားစုဝင် လူဦးရေစာရင်းမှာ ထည့်သွင်းထားတယ်။ သူတို့အတွက် ထောက်ပံ့မှု စားစရိတ်တွေရရှိဖို့အတွက် ဆောင်ရွက်ပေးနေတယ်ဟုပြောသည်။

ရန်ကုန်မှ ၇ခိုင်ပြည်သို့ ပြန်လာသော်လည်း မိမိကျေးရွာတွင် နေထိုင်ခွင့်မရသည့်အပြင်ဒုက္ခသည် စခန်းတွင် အလုပ်လက်မဲ့ဖြစ်နေ၇သဖြင့် စိတ်ညစ်နေ၇ကြောင်း ယခုလက်ရှိညောင်ချောင်း စစ်ဘေးရှောင်စခန်းသို့ ပြန်ရောက်ရှိလာသည့်  ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာက မနီနီစောကပြောသည်။

"ကျမက ရန်ကုန်မှာ  အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့တယ်။ ဆင်းလာရတာကတော့ဆန္ဒပြတာတွေ ပိုများလာလို့ဖြစ်တယ်။ နေထိုင်ရတာတွေလည်း အဆင်မပြေဘူး။ ညဉ့်တွေဆိုရင် အိပ်လို့လည်းမ၇ဘူး။  အဲဒီမှာက ဆူပူမှုတွေ ပိုများလာတယ်။   နောက်ဆိုတော့ ဆန္ဒပြဖို့ မလိုက်ရင် ပြဿာနာ ရှာမှာကိုစိုးရိမ်တယ်။ အဲဒါကြောင့် ဆင်းလာတာပါ။ မိဘတွေလည်း စိတ်ပူတယ်။ ရန်ကုန်က ဆင်းလာရင်လည်းရွာကိုပြန်ချင်လို့ မပြန်ရဘူး။ ဒုက္ခသည်စခန်းမှာ နေရတယ်။ အလုပ်လည်းမရှိဘူး။ အလုပ် မရှိလို့အခု ရေခဲချောင်း ရောင်းနေပါတယ်။ အဆင်မပြေဘူး။ ရွာကို ဘယ်တော့ ပြန်ရမှာကို မသိ၇သေးဘူးဟု ပြောသည်။

ရန်ကုန်က ညောင်ချောင်း စစ်ဘေးရှောင်စခန်းသို့ ပြန်လာသူ ၂၀ ကျော်ရှိပြီးသူတို့အတွက်  ကူညီ ထောက်ပံ့မှုရရှိစေရန်ကြိုးစားဆောင်ရွက်နေကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံကိုခိုင်မျိုးအောင်က ပြောသည်။

ရန်ကုန်က ပြန်လာကြတဲ့ စစ်ရှောင်မိသားစုဝင်၂၀ လောက်ရှိတယ်။ သူတို့နဲ့  ပတ်သက်လို့ ကျနော်တို့ကကူညီပေးရမှာပဲ။ ဘာကြောင့်ဆိုတော့ သူတို့မှာ သွားစရာနေရာမရှိဘူး။ မိဘရှိတဲ့ နေရာကိုသားသမီးတွေက လာကြမှာပဲ။ WFP ကလည်းကုန်ခဲ့တဲ့ အပတ်က စာရင်း ကောက်ယူ သွားတယ်။ ပြန်လာကြတဲ့ လူတွေက ဒီစခန်းမှာ သိပ်မများသေးပါဘူး။နှစ်ဆယ်ကျော်လောက် ပဲရှိမှာပါ။ ဒီထက်များလာရင် သက်ဆိုင်ရာ မြို့နယ်ကို တင်ပြဖို့ရှိတယ်ဟု ပြောသည်။ 
ဘူးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ရန်ကုန်ကပြန်လာသော စစ်ဘေးရှောင် မိသားစုဝင် တစ် ဦး ရောက်ရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်ထွန်းဝေက ပြောဆိုသည်။

၇ခိုင်သို့ ပြန်လာကြသည့် စစ်ဘေးရှောင်များမှာ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်၂၀ ကျော်၊  မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင်၅ ဦး၊ ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းတွင် ၃ ဦးတို့ဖြစ်သည်။

တစ်ခြားသော စစ်ဘေးရှောင်စခန်းများတွင်လည်း အနည်းငယ်စီ ရောက်ရှိနေကြောင်းသိ၇သည်။

ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသဖြင့်စားဝတ်နေရေး အခက်ခဲ ကျရောက် လာရာမှ ရန်ကုန်မှ  ၇ခိုင်သို့ ပြန်လာသည့် ရွေ့ပြောင်းအလုပ်သမား၂၀၀၀၀ ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိ၇ှိ၇သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.