Preview

အနိုင်ရ U 25 ၇ခိုင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဦး အားကစားနှင့် လူငယ်ရေးရာဌာန လူငယ်လေ့ကျင့်ရေးစခန်းအတွက် ရွေးချယ်ခံရ

ဖေဖော်ဝါရီ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :698
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/ ၂၀၂၂
အနိုင်ရ (U 25) ၇ခိုင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဦးသည် အားကစားနှင့် လူငယ်ရေးရာဌာန လူငယ်လေ့ကျင့်ရေးစခန်းအတွက် ရွေးချယ်ခံ၇သည်ဟု အဆိုပါအသင်း၏ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မေဌေးက ပြောသည်။
"ပြည်နယ်/တိုင်းပြိုင်ပွဲက ထူးချွန်တဲ့ အားကစားသမားတွေကိုပဲ ရွေးချယ်တာ။ အဲဒီကမှ ဝန်ကြီးဌာပွဲရောက်ချင်ရောက်မယ်။ လက်ရွေးစင်ရောက်ချင်ရောက်မယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းကနေပြီးတော့ အားကစားနှင့် လူငယ်ရေးရာဌာန အားကစားလူငယ် လေ့ကျင့်ရေးစခန်း(Youth Camp)အတွက် ၄ ဦးရွေးချယ်ခံ၇တာ"ဟု ပြောသည်။
ရွေးချယ်ခံ၇သူ ၄ ဦးအား လာမည့် ဧပြီလမတိုင်မီ နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတွင် စခန်းသွင်းလေ့ကျင့်မည်ဖြစ်ပြီး ၄င်းတို့၏ အမည်စာရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ လတ်တလောတွင် ပေးပို့လာခြင်းမရှိသေးကြောင်း ဒေါ်ခင်မေဌေးက ဆက်ပြောသည်။
“လတ်တလောမှာတော့ အမည်စာရင်းတွေမရောက်သေးလို့ ဘယ်သူတွေကို ရွေးချယ်ထားတယ်လို့ ပြောလို့မရသေးဘူး။ လူငယ်ရေးရာကတဆင့် မြန်မာ့လက်ရွေးစင်၊ ပြီးတော့ အဆင့်လိုက်အဆင့်လိုက်ကနေ အရှေ့တောင်အာရှပွဲတွေကို ဆက်လက်ရွေးချယ်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟုပြောသည်။
အဆိုပါအနိုင်ရဘောလုံးအသင်း၏ အကောင်းဆုံးအားကစားသမားဆုရှင် မလှမြတ်သူက ယခုကဲ့သို့ရွေးချယ်ခံရရေးမှာ အားကစားသမားတိုင်း၏ မျှော်လင့်ချက်ဖြစ်ပြီး ရွေးချယ်ခံရပါက ပျော်ရွှင်မည်ဖြစ်ကြောင်း ပြောသည်။
“လူငယ်လက်ရွေးစင်အဖြစ်အရွေးချယ်ခံရမယ့်လူအတွက် ဝမ်းသာစရာပါ။ ကျွန်မကတော့ ငယ်ငယ်ကတည်းဖြစ်ချင်ခဲ့တဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့အတွက် ရည်မှန်းချက်ရှိခဲ့တာကြောင့် ၄ ယောက်ထဲမှာကိုယ်ပါခဲ့လို့ရှိရင် သိပ်ဝမ်းသာမိမှာပါ” ဟု ပြောသည်။
U 25 ရခိုင်အမျိုးသမီးဘောလုံးအသင်းသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်ကကျင်းပသော တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲတွင် ရှမ်းအမျိုးသမီးဘောလုံးအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်၇ ဗိုလ်စွဲခဲ့သည်။
ယင်းအထဲမှ ကျောနံပါတ် (၆) မလှမြတ်သူနှင့် ကျောနံပါတ်(၁၀) မမြတ်မြတ်ဌေးတို့က အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့သည်။
ရခိုင်အမျိုးသမီးအသင်း ပထမဆုချန်ပီယံဖြစ်ခြင်းသည် တိုင်းနှင့်ပြည်နယ် ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိ၇သည်။
အနိုင်ရအမျိုးသမီးအသင်းသည် ဇန်နဝါရီလ ၂၃ ရက်တွင် နေပြည်တော်မှ စစ်တွေသို့ပြန်လည်ရောက်ရှိခဲ့စဉ် စစ်တွေရှိ ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.