နိရဉ္စရာ၊ မတ် ၉/၂၀၂၃
ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူရန် ရည်ရွယ်၍ ကျောက်ဖြူမြို့ကိုအခြေပြုပြီး စစ်တွေအပါအဝင် မြို့ကြီးတချို့သို့ ‘ရခိုင်ဂုဏ်ရည်’ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၎င်း ယာဉ်လိုင်းသည်ကျောက်ဖြူ--ရမ်းဗြဲ --မင်းပြား--မြောက်ဦး-- ကျောက်တော် --ပုဏ္ဏားကျွန်း --စစ်တွေ မြို့များသို့ မတ်လ ၁ ရက်က စတင်ပြီး ရက်ချင်းပြန် ပြေးဆွဲနေပြီဖြစ်ကြောင်းကားလိုင်း တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
“ ရေကြောင်းနဲ့ဆိုကျောက်ဖြူကနေ စစ်တွေကို သွားရင်ညအိပ်၇တယ်။ အခု ညအိပ်စရာမလိုဘဲရက်ချင်းပြန်လို့၇ပါတယ်” ၎င်း တာဝန်ရှိသူက ပြောသည်။
ကျောက်ဖြူ ဒေသခံတစ်ဦးက “ အရင်ကစစ်တွေကို သွားမယ်ဆိုရင် အမြန်ရေယာဉ်ကို အားကိုးကြ၇ပါတယ်။ အခုက စစ်တွေမြို့ကို ကားလိုင်းပြေးဆွဲမယ်တော့ပိုအဆင်ပြေပါတယ်။ စစ်တွေအပါအဝင် တစ်ခြားမြို့တွေကို သွားမယ့်သူတွေ အတွက်လည်း အဆင်ပြေသွားတော့ခုလို လိုင်းဆွဲပေးတဲ့ အတွက် ဝမ်းသာပါတယ်” ဟုပြောကြားသည်။
‘ရခိုင်ဂုဏ်ရည်’ ဂိတ်များသို့ဆက်သွယ်လိုပါက ကျောက်ဖြူကားဂိတ် ၀၉၄၅၀၇၈၂၉၃၈၊ ရမ်းဗြဲဂိတ် ၀၉၄၂၉ ၈၄ ၁၃၈၂၊ ၀၉၂၅၄၁၆၈၁၅၉၊ မင်းပြားဂိတ် ၀၉၂၅၂၄၅၉၅၅၉၊မြောက်ဦးကားဂိတ် ၀၉၄၅၀၆၃၄၀၄၀ ၊ ကျောက်တော်ဂိတ် ၀၉၄၂၁၇၂၀၉၄၄ ၊ ပုဏ္ဏားကျွန်းဂိတ် ၀၉၄၀၂၆၅၀၉၇၀၊ စစ်တွေဂိတ် ၀၉၄၄၀၅၇၄၀၆၀ တို့ဆက်သွယ်နိုင်သည်ဟုကားဂိတ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။