နိရဥ္စရာ၊ မတ်၂၄/၂၀၂၃
မြောက်ဦးမြို့သို့ သောက်သုံးရေဖြန့်ဝေပေးနေသည့်လက်ဆည်ကန်တွင် လက်ရှိ ရေခမ်းခြောက်နေသဖြင့် အနူမကန်မှ ရေကို ဖြည့်တင်းရန် မြို့နယ်စည်ပင်က စီစဉ်နေမှုအပေါ် မြို့ခံအများစုက လက်မခံဖြစ်နေကြောင်းသိ၇သည်။
အနူမကန်တွင်ရေဆင်းချိုးသူများရှိသလို အဝတ်များပါလျှော်ဖွတ်သူများလည်းရှိနေသည့်အတွက် ယင်းကန်မှရေများကို လက်ဆည်ကန်သို့ ရေဖြည့်တင်းခြင်းမှာမသင့်တော်ဟု မြို့ခံများက ပြောဆိုနေကြသည်။
“အနူမကန်က လက်ဆည်ကန်ကိုရေဖြည့်ဖို့ဆိုတာကတော့ မသင့်တော်ဘူး။ အနူမကန်မှာက ဘယ်သူမဆိုရေဆင်းချိုးတယ်။ ထမိန်က အစ အဝတ်အထည်တွေလည်း လျှော်ကြတယ်။အဲ့ဒီရေတွေကို သောက်တဲ့သုံးတဲ့ ရေကန်မှာထည့်လို့
ရခိုင်ဘုရင်များခေတ်ကတည်းက သောက်သုံးရေအတွက် တူးဖော်ထားခဲ့သည့်မြောက်ဦးမြို့၊ လက်ဆည်ကန်သည် လက်ရှိတွင် ရေခမ်းခြောက်လာနေသဖြင့် မြို့ပေါ်ရပ်ကွက်များသို့ပုံမှန်ရေဖြန့်ဖြူး ပေးနိုင်ခြင်း မရှိဖြစ်နေသည်ဟု သိ၇သည်။
သို့အတွက် ကန်ချင်းကပ်ရပ်တည်ရှိသည့်အနူမကန်မှရေများကို ရေတွန်းစက်၂ လုံးနှင့် အရံရေတွန်းစက် ၁ လုံးတို့ဖြင့် လက်ဆည်ကန်သို့ ဖြည့်တင်းလုပ်ဆောင်သွားရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ်အစိုး၇အဖွဲ့မှ သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက သူ့လူမှုကွန်ရက် စာမျက်နှာတွင် မတ်လ ၂၁ ရက်က ဖော်ပြထားသည်။
မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
အနူမကန်တွင် ရေဆင်းချိုးသူများဖြင့် ညစ်ပတ်နေသည့်အတွက်ယင်းကန်မှရေများကို လက်ဆည်ကန်သို့ သောက်သုံးရန် ဖြည့်တင်းခြင်းမှာလုံး၀မဖြစ်သင့်ဟုလည်းသူမက ထပ်လောင်း ပြောကြားသည်။
ထိုသို့ လက်ဆည်ကန်တွင် ရေခမ်းခြောက်လာရခြင်း၏အကြောင်း
ယင်းသို့ပိတ်လိုက်ခြင်းသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာ၀အမွေအနှစ်များလည်းပျက်စီးသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ လက်ဆည်ကန်ရဲ့ရေကိုအရင်က ရေတံခါးနဲ့ထိန်းထားတယ်။ ဆရာမကလည်း အဲ့လိုပြန်ထိန်းဖို့ထောက်ပြခဲ့တယ်။ သို့သော် ရေတံခါးမလုပ်ဘဲ ဘာမှမဆိုင်တဲ့ ကျွဲကူးမြောင်းကိုပိတ်ချပစ်လိုက်တယ်။ ပိတ်ဖို့အတွက် တာဆည်တဲ့အချိန်မှာလည်း တောင်တွေကိုတူးပစ်လိုက်တာတွေရှိတယ်။ အဲဒီတောင်တွေကို ကော်နဲ့ပြန်ကပ်လို့လည်းမ၇တော့ဘူ
ယင်းကြောင့်ဖြစ်သင့်သည်မှာ ကျွဲကူးမြောင်းကိုပြန်ဖွင့်လို
“ကျွဲကူးမြောင်းကို ပြန်ဖွင့်ရင်အနူမကန်ကရေကို လက်ဆည်ကန်ထဲ စက်နဲ့တင်နေစရာတောင်မလိုဘူး။ သူ့ဟာသူ သဘာ၀အတိုင်းစီးဆင်းနေမှာလေ”ဟုပြောသည်။
ပြီးခဲ့သည့်နှစ်က မိုးရာသီတွင်မိုးအလွန်တရာ နည်းပါးခဲ့သည့်အတွက် လက်ဆည်ကန်၏ ရေအမှတ်သည် ယခင်နှစ်များထက် ၅ပေအထိလျော့ကျခဲ့ပြီး ယခုနှစ် မေလတွင်ရှိရမည့် ရေ Level သည် ဇန်နဝါရီလကတည်းကပင် လျော့ကျနေခဲ့သည်ဟုမြောက်ဦးမြို့နယ်စည်ပင်သာယာရေး
ယင်းကြောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေ
“အနူမကန်ကနေပြီးတော့လက်ဆည်ကန်ကို ရေဖြည့်တင်းပြီးတော့ ရေပေးဝေသွားမှာပါ။ရခိုင်ပြည်နယ်အစိုး၇အဖွဲ့ကလည်း ခွင့်ပြုပါတယ် ” ဟုပြောသည်။
လက်ဆည်ကန်တွင် မြောက်ဦးတစ်မြို့လုံးနီးပါးကရေပိုက်သွယ်ထားပြီး ထိုရေပိုက် တစ်ပေါက်စီအတွက်တစ်အိမ်လျှင် လစဉ် ကျပ် ၃၅၀၀ စီ စည်ပင်သို့ပေးနေ၇သည်ဟု မြို့ခံများကပြောသည်။
ရေပိုက်လိုင်းအဟောင်းကို အသစ်ပြန်လဲလည်မည်ဆိုလျှင်ကျပ်ငွေ ၅ သောင်း၊ ရေပေါက်ပိုက်လိုင်းကို စတင်၍လုပ်ဆောင်ဆိုပါကကျပ်ငွေ ၁ သိန်း အထိပေးဆောင်နေ၇သည့်အတွက်ကြောင့် အိမ်တိုင်းအိမ်တိုင်းက ပေးဆောင်ထားသည့် ထိုငွေများနှင့်ပင်လက်ဆည်ကန်တွင် ရေရရှိရေးအတွက် လုပ်ဆောင်ပေးနိုင်သည်ဟု မြို့ခံတစ်ဦးကပြောသည်။
“အမှန်က လက်ဆည်ကန်တစ်ကန်ရှိရဲ့သားနဲ့ရေပြည့်ပြည့်စုံစုံ၇သင့်တယ်။ လက်ဆည်ကန်က ၇တဲ့ ရေခက နည်းတာမဟုတ်ဘူး။အဲလောက်တောင် လက်ဆည်ကန်က ရေတွေမပေးနိုင်လောက်အောင် ဖြစ်နေပြီလား။တရားနည်းလမ်း မကျဘူးလို့မြင်တယ်။ သွယ်ထားတဲ့ ပိုက်လုံးတွေက အများကြီးပဲ။ဒီပိုက်ဆံတွေ ဘယ်ရောက်သွားလဲ” ဟုပြောသည်။
လက်ဆည်ကန်သည် တောင်ဂျိုင်ကြားပတ်ပတ်လည်တွင်ရှိနေပြီး အခြားရေကန်အမျိုးအစားကဲ့သို့ လေးထောင့်ပုံသဏ္ဍာန်မျိုးမဟုတ်ဘဲ မြောင်ကဲ့သို့ ရှည်လျားသည့်သဏ္ဍာန်ရှိကြောင်း သိ၇သည်။
၎င်းကန်သည် မြောက်ဦးမြို့နယ်ရှိတစ်မြို့လုံးကို နှစ်စဉ်နှစ်တိုင်း ရေပေးဝေနိုင်သော်လည်း ပြီးခဲ့သည့်နှစ်မိုးရာသီက မိုးနည်းခဲ့သလို ယခုအခါ ကန်လည်း တဖြည်းဖြည်းတိမ်ကောလာနေသည့်အတွက် ရေများခမ်းခြောက်လာခြင်းဖြစ်သည်
ယင်းသို့ ရေခမ်းခြောက်နေသည့်အတွက်ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ၃ ရက်တွင် တစ်ကြိမ်သာ မြို့ကိုသောက်သုံးရေဖြန့်ဝေပေးနေ၇ပြီး လျှပ်စစ်မီးပြတ်တောက်ချိန်များပြားနေသောကြောင့် ရေဖြန့်ဝေချိန်မှာလည်း ပုံမှန်မရှိ၍အခက်အခဲဖြစ်၇ပြန်သည်ဟု မြို့ခံများက ပြောသည်။
အနူမကန်မှ ရေများကိုလက်ဆည်ကန်သို့ဖြည့်တင်းပြီးပါက မြို့တွင်းတွင် ရေပြတ်လပ်မှုမရှိစေရန်နွေရာသီအကုန် မိုးရာသီကာလရောက်ရှိသည်အထိ ၁ ရက်လျှင် ရေဂါလံ သိန်း ၂၀နှုန်းဖြင့် တစ်ပတ်လျှင် ၃ ရက် ရေဖြန့်ဖြူးပေးသွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှသယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ပြောဆိုထားသည်။
အောင်တပ်၊ လက်ကောက်ဈေး၊လော်ဂမူ၊ ညောင်ပင်ဈေး၊ ဆင်ချဆိပ်၊ အလယ်ဈေး စသည့်ရပ်ကွက်တို့တွင်မြို့ရေပေးပိုက်ရေ မရောက်ရှိနိုင်သည့်အတွက်ကြောင့် ထိုနေရာများကို စည်ပင်ရေကားတစ်စီး၊မီးသတ် ရေကားနှစ်စီးတို့ဖြင့် ရေဖြန့်ဝေပေးသွားမည်ဟုလည်း ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးဝန်ကြီး ဦးသန်းထွန်းကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း မကြား၇ဟုဆိုကာဖုန်းချသွားခဲ့သည်။
မြောက်ဦးတွင်သောက်သုံးရေအတွက် လက်ဆည်ကန်နှင့် တောင်ဖြူဆည်များမှ ရေကိုသာ အဓိက အားထားနေကြရသည်ဟုသိ၇သည်။ (NN-13)
ဓာတ်ပုံ- ရေခမ်းခြောက်နေသည့် လက်ဆည်ကန်အား တွေ့၇စဉ်။
Photo - Daw Khin Than