Preview

စစ်ကောင်စီက အမ်း- ပဒါန်းကားလမ်းတလျှောက် ကျေးရွာများတွင် စစ်ကြောင်းအင်အား တိုးချဲ့ပြီး ကင်းပုန်းချနေ

ဧပြီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :1527
ရခိုင် သတင်း

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၄

၇ခိုင်ပြည်၊ အမ်း-ပဒါန်း ကားလမ်းတလျှောက်ကျေးရွာများတွင်စစ်ကောင်စီက စစ်ကြောင်းများတိုးချဲ့နေပြီး ကင်းပုန်းများ ချထားသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိ၇သည်။

အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု  ငပြည်ရွာတွင် အမ်း အခြေစိုက်တပ်ရင်းများမှ စစ်ကား (၅)စီးဖြင့် စစ်ကောင်စီအင်အား ရာနှင့်ချီ စစ်ကြောင်းထိုးလျက်ရှိသည်ဟု အမ်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  ငပြည်ရွာက အမ်းရိုးမပေါ်မှာရှိတဲ့ရွာပါ။ နောက်သုံးရွာလောက်ဆို  မကွေး ငဖဲကို ရောက်ပါပြီ။ ရွာထဲမှာ ရောက်နေတာ ၃ ရက်လောက်ရှိပြီ။အမ်းမြို့ကနေ စစ်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးနေတာ။ စစ်ကား ၅ စီးထဲက စစ်သားတွေနည်းနည်းစီကို တခြားနေရာတွေမှာလည်း သူတို့ချထားခဲ့တာရှိတယ် " ဟုပြောသည်။

ဧပြီလ ရ ရက်နေ့ က အမ်းမြို့နယ် ပြောင်သေရွာအနီးရှိ  နတ်တောင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေပြီး နံနက် ၁၀နာရီမှ ညနေ ၈နာရီခန့်အထိ ဂျက်ဖိုက်တာ၊လက်နက်ကြီး၊ငယ် ပစ်ခတ်သံများကို ကျယ်လောင်စွာ ကြားရသည်ဟု  လုံးရွာကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" မနေ့ကဆိုရင် နတ်တောင်နားမှာ  တိုက်ပွဲတော်တော်ပြင်းတယ်တစ်နေကုန်။စစ်ကောင်စီကလည်းဗုံးကြဲ ။အမ်းအခြေစိုက်တပ်တွေကလည်း လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ် အဲ့လိုရှိခဲ့တယ်။ ဒါပေမယ့် ဒီနေ့မနက် ၉နာရီထိ  ဘာအသံမှမကြား၇သေးဘူး" ဟုပြောသည်။

လက်ရှိတွင် အမ်းမြို့နယ် ကဇုကိုင်းတောင်ဗျူဟာ တောဟိန်းတောင်နှင့် အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သည့် ကျေးရွာအနီးတွင် နေ့စဉ်ရက်ဆက်ပစ်ခတ်သံများကြားနေရသဖြင့် ဒေသခံများစိုးရိမ်နေကြကြောင်းသိ၇သည်။

#အမ်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.